တာချီလိတ် မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း
ကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇၂)နှင့်
အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၄၂) သင်တန်းဆင်းပွဲများ ကို မတ်
၁၈ ရက်၊
နံနက် ၉
နာရီ က အဆိုပါကျောင်းရှိ
သင်တန်းခန်းမတွင်
ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
လှမင်း ကသင်တန်းဆင်းအမှာစကားပြော ကြားသည်။ ထို့နောက် အခြေခံအိမ်တွင်းမှု
သင်တန်း နှင့်
အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ပထမဆု ရရှိသူများ အား ခရိုင်
ရဲ တပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး လှမင်း
နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို့က အပ်ချုပ်စက်တစ်လုံးစီကို
လည်းကောင်း ၊
ဒုတိယ ဆု
နှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများကို
လည်းကောင်း တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး၊ သင်တန်းဆင်းလက်မှတ်များအား
ကျောင်းအုပ် ဆရာမကြီး
ဒေါ်နန်းစံဖူးလောဝ် က
သင်တန်း သူများကိုယ်စား
သင်တန်းသူတစ်ဦးထံ ပေးအပ်သည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး၊
တက်ရောက်လာသူများက သင်တန်း သူများ၏ စက်ချုပ်အ၀တ်အထည်များနှင့် မုန့်မျိုးစုံများ အား
ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သတင်း- ဝေယံလင်း၊ ဓာတ်ပုံ-ကိုကျော်ဝင်းစိန်