တာချီလိတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသစ်
အဆောက် အဦ ဖွင့်ပွဲကို
ယနေ့
မတ် ၂၁ ရက်၊ နံနက် ၉ နာရီခွဲက
မယ်ခေါင်ရပ်ကွက်ရှိ အဆိုပါ ရုံးရှေ့တွင် ကျင်းပပြု လုပ်ကြောင်းသိရသည်။
အခမ်းအနားသို့ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၊ ဒုတိယ၀န်ကြီးဦးတင်ငွေ၊ စစ်ဗျူဟာအဖွဲ့
(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး
ဇော်မင်းထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ကျိုင်းတုံမြို့၊ ပြည်နယ်ရုံးခွဲဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ဦးစီးမှူး
ဦးတင်ဝင်းမောင်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများ၊
လူမှုရေးအသင်းအဖွဲ့များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက် ရောက်သည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ထွန်း က ရုံးသစ် ဖွင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ် ကလပ်ငယ်များအား တာဝန်ရှိသူများ ထံ
ပေးအပ်သည်။ ယင်းနောက် ရုံးသစ်အဆောက်အဦအား ဗိုလ်မှူးကြီး
ဇော်မင်းထွန်း၊ ပြည်နယ်ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး
နှင့် ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးတင်ငွေ က ရုံးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ တာဝန်ရှိ
သူများက ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကာ ရုံးသစ်ကို လှည့်လည် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် ရုံးအစည်းအဝေးခန်းမ၌ ကျေးလက်ပြည်သူ များနှင့်တွေ့ဆုံကာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ရုံးသစ်အဆောက်အဦမှာ အလျား (၅၅)ပေ၊ အနံ(၅၄)ပေရှိ
(RC)ကွန်ကရစ်နှစ်ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး၊
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်
ခွင့်ပြုရန်ပုံငွေကျပ်(၁၂၃.၇၅)သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံလင်း