တာချီလိတ် မတ် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်းဦးစီးဌာန က ဖွင့်လှစ် ထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ တာချီလိတ်မူလတန်းကြိုကျောင်း၏ ၂၀၁၅-၂၀၁၆ ပညာ သင်နှစ် မူလတန်းကြို
ပြီးမြောက်ကြောင်း ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို
ယနေ့ မတ် ၂၃ ရက်၊ နံနက် ၉ နာရီက
ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အဆိုပါကျောင်း၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်
က အဖွင့်အမှာစကားပြောကြားပြီး၊ ကလေး မိဘတစ်ဦးက အခမ်းအနား ကျင်းပ ပေးခြင်းနှင့်စပ်လျဉ်းကာ ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသက်အေး နှင့် တာဝန်ရှိသူများက မူလတန်းကြို ရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ကျော် တို့အား မူလတန်းကြို ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ပြီး၊ ရင်သွေးငယ် လေးများက အဖွဲ့လိုက် အကပဒေသာများ၊ တေးသီချင်းများ နှင့် အင်္ဂလိပ် ကဗျာများ
ကို သီဆို
ကပြ ဖျော်ဖြေ ခဲ့ကြောင်းသိရသည်။
ဝေယံလင်း