တာချီလိတ် မတ် ၂၄
တာချီလိတ်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ
က
ကြီးမှူး၍
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့
တပ်ဖွဲ့စိတ်(၁)၊လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဝေါလ်ဗီရှင်မြန်မာ(တာချီလိတ်)တို့
ပူးပေါင်း
ကျင်းပ သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့ မတ် ၂၄ ရက်၊
နံနက် ၉ နာရီက ဆေခမ်းရပ်ကွက်
ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် အစည်းအဝေး
ခန်းမ၌
ကျင်းပပြုလုပ် ကြောင်း
သိရသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ
၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ
လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ
ဒေါ်ရီရီခိုင် က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော် မတီဝင်များ ၏ လုပ်ငန်းတာဝန်များ၊ CRC ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့် ဦးစီးဌာနမှလက်ရှိ ဆောင်ရွက်
လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး
က
ကလေးသူငယ် လူကုန်တားတပ်ဖွဲ့စိတ်ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် လက်ရှိဆောင်ရွက်နေသည့် မှုခင်းဆိုင်ရာဖြစ်စဉ်များကို
လည်းကောင်း၊ ဝေါလ်ဗီရှင်မြန်မာ(တာချီလိတ်)မှ
ဒေသဖွံ့ဖြိုးရေးစီမံချက်မန်နေဂျာ
ဦးပီတာဖိုး က
ကလေးသူငယ်
ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များကို
တုံ့ပြန်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်သည့်
အစီအစဉ်များကိုလည်းကောင်း
အသီးသီးရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊
ရပ်ကွက်၊
ကျေးရွာအုပ်စု များမှ အဖွဲ့ဝင်များက ကလေးသူငယ်များ၏ ကျန်းမာရေးဆိုင်ရာများ၊
ပညာသင်ကြား ခွင့်ဆိုင်ရာများ၊ ယာဉ်အန္တ ရာယ်ကင်းရှင်းရေးဆိုင်ရာများ နှင့် ကလေးသူငယ်များကာကွယ်
စောင့်ရှောက်ရေးဆိုင်ရာ
ရှေ့လုပ်ငန်းစဉ်များ အား ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း