တာချီလိတ် ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့စိုက်ပျိုးရေးဦးစီးဌာန က ပြည်သူ့အတွက်
ပထမရက် (၁၀၀)အကောင်အထည်ဖော်မှုအဖြစ် စပါးပျိုးသက်နုနု ပျိုးထောင် စိုက်ပျိုးနည်းစနစ်
သရုပ်ပြ စိုက်ပျိုး
ခြင်းကို
ဇွန်လ
၂၈ ရက်၊
နံနက် ၉
နာရီက နားယောင်းကျေးရွာအုပ်စု၊ ၀မ်ဆာကျေးရွာ ကွင်းအမှတ်(၆၃)၊
ဦးပိုင်အမှတ်(၆၉)ရှိ တောင်သူ ဦးစိုင်းလုံ
၏
လယ်မြေ(၁)ဧကတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သရုပ်ပြစိုက်ပျိုးပွဲတွင် တာလေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလွှမ်းမိုးသူ က မျိုးစပါးစတင်ပျိုး ထောင်ဆောင်ရွက်မှုအခြေအနေများနှင့်
တောင်သူများစိုက်ပျိုးနည်းစနစ်များ
စနစ်တကျသိရှိလိုက်နာဆောင်ရွက် ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ
သရုပ်ပြစိုက်ပျိုးရာသို့
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊
ခရိုင်မြေအသုံးချရေး၊ သီးနှံကာကွယ်ရေးတာဝန်ခံများနှင့် ၀န်ထမ်းများ၊
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်
အဖွဲ့ဝင်များ၊ အကျိုးဆောင်တောင်သူ(၂၅)ဦး
တို့က
လက်တွေ့ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဝေယံလင်း