တာချီလိတ် ဇူလိုင် ၁
၂၀၁၆ခုနှစ်၊
ဇူလိုင်လ (၃)ရက်နေ့တွင်
ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ က ကြီးမှူး၍ မြန်မာအမျိုးသမီးငယ်လေးများ
မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အစဉ်ထိန်းသိမ်းတတ်စေရန်
၊ မြန်မာတို့၏
အ၀တ်အထည်များကို လေးစားတန်ဖိုးထားတတ်စေရန် မြန်မာ့ရိုးရာ
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဇွန်လ ၃၀ ရက်၊
ည ၇
နာရီက
မကာဟိုခမ်း ရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း
သိရသည်။
ပြိုင်ပွဲကို
ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ၊မြို့နယ်သဘင်ပညာရှင်များအစည်းအရုံး(သဘင်)အဖွဲ့မှ
ဦးမင်းမင်းထွန်း ခေါင်းဆောင်သော အနုပညာရှင်များက စကားဝါမြေ
နတ်ချင်း
တေးသီချင်းဖြင့်
အဖွင့်ဖျော်ဖြေ တင်ဆက်ပြီး၊
ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲ၏ အကဲဖြတ်အမှတ်ပေးစည်းမျဉ်းများကို ဒိုင်ချုပ်
ဖြစ်သူ
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း
က ရှင်းလင်းပြောကြားသည်။ ထို့နောက်
ပြိုင်ပွဲအား အခြေခံပညာအထက်တန်းကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် အဖွဲ့အစည်းများ ကိုယ်စားပြု အမျိုးသမီးငယ်(၂၃)ဦးတို့က အသီးသီးပါဝင်ယှဉ်ပြိုင်ရာ
တာချီလိတ်ပညာရေး ဖောင်ဒေးရှင်း ကိုယ်စားပြု မဇာဇာလင်း
က ပထမဆု ကိုလည်းကောင်း၊
မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုကိုယ်စားပြု မဇူးပြည့်စုံ
က ဒုတိယဆု ကိုလည်းကောင်း၊
တာလော့ရပ်ကွက် ကိုယ်စားပြု
မဇင်လဲ့ရည်နွေး က တတိယဆုကို လည်းကောင်း အသီးသီး ဆုများရရှိသည်။ ယင်းနောက် ဆုရရှိသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု ၊ ဂုဏ်ပြုလက်ဆောင်များအား
ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း