တာချီလိတ် ဇူလိုင် ၃
၂၀၁၆ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့
အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊
မကာဟိုခမ်းရပ်ကွက်ရှိ
အောင်မြတ်ခန်းမ၌
ယနေ့
ဇူလိုင်
၃
ရက်၊ နံနက် ၉ နာရီ က ကျင်းပပြု လုပ်ကြောင်းသိရသည်။ အခမ်းအနားတွင် တာချီလိတ်အခြေခံပညာအထက်တန်းကျောင်းမှ မျိုးဆက်သစ်အမျိုးသမီးရေးရာအဖွဲ့ဝင်
ကျောင်းသူလေးများက မြန်မာအမျိုးသမီးများနေ့
ဂုဏ်ပြုတေးသီချင်းဖြင့်
သီဆိုဖွင့်လှစ်ပြီး၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဝင်းဝင်းသန့်ကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်
ဟောင်လိတ်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ရှမ်းရိုးရာအကအလှ
နှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေး
မရွှန်းလဲ့မြင့်မိုရ်က မြန်မာအမျိုးသမီးထု တစ်ရပ်လုံး
အား ဂုဏ်ပြုသည့်
တေးသီးချင်း တို့ဖြင့်
သီဆိုဖျော်ဖြေသည်။ ဆက်လက်၍ စေတနာရှင်အလှူရှင်များက မြန်မာအမျိုးသမီးများနေ့
အခမ်းအနားအတွက်
အလှူငွေများ ပေးအပ်လှူဒါန်းရာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်
ပေးအပ်သည်။ ယင်းနောက် မြန်မာအမျိုးသမီးများနေ့
အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့်
၂၀၁၅ - ၂၀၁၆
ပညာသင်နှစ် ၊
တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်
ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား
ကျောင်းသူ များအား
ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၀တ်စား ဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲတွင် အဖက်ဖက်မှ
ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်
အမှတ်တရ
လက်ဆောင်များကိုလည်းကောင်း ပေးအပ်သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများကခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသားကျောင်းသူများ၏ ဆုရ
စာစီစာကုံးများအား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝေယံလင်း