တာချီလိတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ သီလဓမ္မကုန်းတော်ကျောင်းတိုက်
ဝစီပိတ်ဆရာတော်
ဘဒ္ဒန္တကောဝိဒ
အား အမှူးထား၍ ဒေါက်တာမောင်မောင်အေး
နှင့်ဇနီး
ဒေါ်ခင်မိမိလှိုင်
မိသားစု၊
သီလဓမ္မညီအစ်ကိုမောင်နှမများက
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာ၊ မိုင်းဖုန်းဆရာတော် သီတင်းသုံးတော်မူသော လွန်းလိန်းကျောင်းတိုက်အနီးတွင် တည်ထားကိုးကွယ်ရန် မဟာဗောဓိစေတီတော်မြတ် လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ဇူလိုင် ၁၆ ရက်၊ နံနက် ၉ နာရီက လွန်းလိန်းနှီးဘုရားကျောင်းဆောင်၌
ကျင်းပကြောင်းသိရသည်။ ရေစက်ချမင်္ဂလာအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်
အောင်ဇော်အေး
နှင့်
တပ်နယ်မှအရာရှိများ၊
ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး
ဦးကောင်းစံဦး၊
ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ
နှင့်
ပြည်နယ်၊
ခရိုင်အဆင့်
ဌာနဆိုင်ရာများ၊
အလှူရှင်များ၊
ဒေသခံတိုင်းရင်းသားပြည်သူများ
တက်ရောက်သည်။ အခမ်းအနားတွင် ၀စီပိတ်ဆရာတော် နှင့် မိုင်းဖုန်းဆရာတော်တို့က
အန္တရယ်ကင်း
ပရိတ်တရားတော်များ
ချီးမြှင့်ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက်
ရေစက်သွန်းချအမျှပေးဝေသည်။
မဟာဗောဓိစေတီတော်မြတ်ကြီးအား ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ၀စီပိတ်ဆရာတော်ကျောင်းတိုက်မှ မော်တော်ယာဉ်ဖြင့် ပင့်ဆောင်လာပြီး၊ စေတီတော် တည်ထားကိုးကွယ်မည့် လွန်းလိန်းကျောင်းအနီးရှိ ဘုရားဖြူစေတီ ပုရ၀ုဏ်အတွင်း အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်
တည်ထားလျက်ရှိသည်။
အဆိုပါ
စေတီတော်မြတ်ကြီးသည်
ဉာဏ်တော်(၁၆)ပေရှိပြီး၊ စတီးပြားများဖြင့် တည်ထားသော စေတီဖြစ်ကြောင်းသိရသည်။
ဝေယံလင်း