တာချီလိတ် သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်
၊ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး
ဌာနက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ
တိုးတက်ရရှိခြင်းဖြင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း
လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွင်း ထပ်မံရရှိသည့် မိုင်းယောင်းမြို့နယ်၊ ၀မ်မိုင်၊ ဟွေထန် နှင့် ၀မ်ဒေ မြစိမ်းရောင်ကျေးရွာများသို့ ခရိုင်ဦးစီးမှူး ဦးအောင်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင် နှင့် ၀န်ထမ်းများက သြဂုတ်
၅ ရက်နေ့တွင် စီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို စီမံကိန်းကျေးရွာကော်မတီ ၀င်များ၊ ဒေသခံပြည်သူများ
အား တွေ့ဆုံ၍ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးရွာနေပြည်သူများက ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် သိရှိလိုသည်များအား
မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက
ပြန်လည်ဆွေးနွေးပေးသည်။
တာချီလိတ်ခရိုင်တွင် ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အထိ တာချီလိတ်မြို့နယ်တွင် ကျေးရွာ(၄၂)ရွာ၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာ(၂၁)ရွာ၊
မိုင်းယောင်းမြို့နယ်တွင် ကျေးရွာ(၂၆)ရွာ စုစုပေါင်း
ကျေးရွာ(၈၉)ရွာအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံလင်း