တာချီလိတ် သြဂုတ်
၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊
မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာတွင် သြဂုတ် ၁၉ရက်၊ ညနေ ၆ နာရီခွဲက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၆)လုံးနှင့်
ဘုရားကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း
သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုခံရသည့် ကျေးရွာများသို့
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊
ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး
(ဒုတိယတန်း) ဦးဘမိုးမြင့် နှင့် စေတနာရှင်အလှူရှင်များက ယနေ့ သြဂုတ် ၂၀ ရက်၊ နေ့လယ်ပိုင်း
က သွားရောက်၍ ထောက်ပံ့ငွေများ ၊ စားသောက်ဖွယ်ရာများ
ထောက်ပံ့လှူဒါန်း ပေးသည်။ ထိုသို့
ထောက်ပံ့ပေးအပ်ရာတွင် နေအိမ်တစ်အိမ်လျှင်
ထောက်ပံ့ငွေကျပ် ငါးသောင်း နှုန်းဖြင့် စုစုပေါင်း
ငွေကျပ်(၁၃)သိန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သည့် ပစ္စည်း
များကိုလည်းကောင်း အသီးသီးပေးအပ်သည်။ အဆိုပါ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မနော်ကျေးရွာတွင် နေအိမ်(၅)လုံးနှင့် ဘုရားကျောင်း(၁)ကျောင်း၊ ရန်ရှင်း(၃)ကျေးရွာတွင်
အိမ်(၂)လုံး၊ ရန်နိုင်(၁)ကျေးရွာတွင်
အိမ်(၂)လုံး၊ မယ်ဖုံးလုံကျေးရွာတွင် အိမ်(၈)လုံး၊
ကျွမ်ကျန့်(ပလောင်)ကျေးရွာတွင် အိမ်(၈)လုံးနှင့် ရန်ကုန်ကျေးရွာတွင် နေအိမ်(၁)လုံး
အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
ဝေယံလင်း