မိုင်းဖြတ်
၊ သြဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊
မိုင်းဖြတ်မြို့နယ်အတွင်း သြဂုတ်
၁၉ ရက် ညနေ ၆နာရီခွဲ က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ်တွင်
လျှပ်စစ်မီးတိုင်နှင့် သစ်ပင်များလဲပြို ကျိုးကျပြီး၊ မီးကြိုးများပြတ်တောက်ခဲ့ကာ ရပ်ကွက်နှင့်
ကျေးရွာအုပ်စုများတွင် လူနေအိမ်(၃၄)အိမ်၊ စာသင်
ကျောင်း (၂)ကျောင်း၊ ဘုရားရှိခိုးကျောင်း (၂)ကျောင်းနှင့် စပါးကျီ(၃)လုံးထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်းသိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ်တွင် လဲပြိုကျိုးကျပျက်စီး၍ ပိတ်နေသော
သစ်ပင်များ၊လျှပ်စစ်မီးတိုင် နှစ်တိုင်နှင့် မီးကြိုးများအား ခရီးသွားပြည်သူများ
အချိန်ကြံ့ကြာမှုနှင့် အခက်ခဲမရှိ
ခရီးသွားလာရေး အဆင်ပြေမှုရှိစေရန်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး
၊ မြိ့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် တို့ ဦးဆောင်မှုဖြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ က ချက်ချင်းရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်
ဆားလို့ကျေးရွာအုပ်စု၊ နမ့်ဟွေလုံကျေးရွာတွင်
ဘုရားရှိခိုးကျောင်း၊
အခြေခံပညာမူလတန်းကျောင်း နှင့် လူနေအိမ်
သုံးလုံး အမိုးလန်ပျက်စီး၍ စပါကျီ
တစ်လုံး လဲပြိုပျက်စီးခြင်း ၊ တောညုကျေးရွာအုပ်စု
တောညု ကျေးရွာတွင် လူနေအိမ်တစ်လုံ အမိုးလန်ပျက်စီးခြင်း၊ ဝမ်လုံးကျေးရွာအုပ်စု နားမွန်းကျေးရွာတွင် ဘုန်းကြီးကျောင်းလမ်းပျက်စီးခြင်း၊ လူနေအိမ်တစ်လုံးပြိုကျခြင်း၊ လူနေအိမ် သုံးလုံး
အုတ်ကြွှပ်အမိုးပျက်စီးခြင်း ၊ မကာကျေးရွာတွင် လူနေအိမ်သုံးလုံး အုတ်ကြွှပ် အမိုးလန်ပြီး စာသင်ကျောင်း သွပ်အမိုးလန်ပျက်စီးခြင်း ၊ ပါညုကျေးရွာတွင် လူနေအိမ်တစ်လုံး အုတ်ကြွှပ် အမိုးလန်ခြင်း၊ ဆီမွန်းကျေးရွာအုပ်စု လကတ်ကျေးရွာတွင် လူနေအိမ်နှစ်လုံးနှင့်စာသင်ကျောင်း သွပ်မိုးဒိုင်းမျှားလန်ပျက်စီး ခြင်း၊ နမ့်ယွန်းကျေးရွာအုပ်စု
နမ့်ယွန်းကျေးရွာတွင် လူနေအိမ်သုံးလုံးသွပ်မိုးလန်ပြီး တစ်လုံးမှာအမိုးအကာ ပျက်စီး
ခဲ့ခြင်း ၊ နမ့်ကုန်းကျေးရွာအုပ်စု
ဟောင်ဟင်ကျေးတွင် စပါးကျီ သွပ်မိုးလန်ခြင်း၊
ပါဆန်းကျေးရွာတွင် လူနေ အိမ်
တစ်လုံး၊ နမ့်ကုန်းကျေးရွာတွင် လူနေအိမ် နှစ်လုံး
အုတ်ကြွှပ်မိုးအနည်းငယ်လန်ခြင်း၊ ဟွေရှဲန်ကျေးရွာတွင်
လုနေအိမ်တစ်လုံး အမိုးအကာပျက်စီးခဲ့ခြင်း ၊ ကောင်းမူကျေးရွာအုပ်စု ကောင်းမူကျေးရွာတွင် လူနေအိမ် (၇)လုံး အမိုးလန်ခြင်း ၊ နှစ်လုံးမှာအမိုးအကာလန်ပြီး တစ်လုံး
အကာပျက်စီးခြင်း ၊ ကောင်းမူ ပြည်သူ့စစ်ကျေးရွာ
တွင် လူနေအိမ်
နှစ်လုံးအမိုးအကာလန်ခြင်း၊ တစ်လုံး
သွပ်အမိုးလန်ပျက်စီးခဲ့ခြင်း၊
စုစုပေါင်း ပျက်စီးဆုံးရှုံးမှု
ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်(၄၇၁၄၀၀၀)ခန့်ရှိကြောင်းနှင့် လေဘေးသင့် အိမ်ထောင်မိသားစုများအတွက် တာဝန်ရှိ သူများက လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်(၄၇၁၄၀၀၀)ခန့်ရှိကြောင်းနှင့် လေဘေးသင့် အိမ်ထောင်မိသားစုများအတွက် တာဝန်ရှိ သူများက လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်