မိုင်းဖြတ်
သြဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
မိုင်းဖြတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ထိခိုက်ပျက်စီးသွာသည့် နေအိမ်များမှ
လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီး ဌာန နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန တို့က သြဂုတ် ၂၂ရက်၊ ညနေ ၂ နာရီက ထောက်ပံ့ငွေ နှင့် အသုံးအဆောင်ပစ္စည်းများကို နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး
ဦးလင်းမင်းထွန်းနှင့် မြို့နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးငြိမ်းစံ ဦးဆောင်သည့်
အဖွဲ့သည် နေအိမ်ပြိုလဲပျက်စီးသွားသည့်
ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာနေ ဦးကျင်ထိုက်
မိသားစုအား
ကျားလုံချည်၊ မလုံချည်၊
စောင်၊ မျက်နှာသုတ်ပုဝါ၊ ဒဏ်အိုး၊ ဇလုံ၊ တီရှပ်၊ နှစ်ယောက်အိပ်ခြင်ထောင်၊ ကာဘော်လစ်ဆပ်ပြာ
စသည့် အသုံးအဆောင်ပစ္စည်း(၉)မျိုး နှင့် ထောက်ပံ့ငွေကျပ် ငါးသောင်း ကိုလည်းကောင်း၊ ဝမ်လုံးကျေးရွာအုပ်စု နှင့် နမ့်ကုန်း ကျေးရွာအုပ်စုအတွင်းရှိ
အမိုးလန်၊ အကာပျက်စီးသည့် အိမ်ထောင်စု (၇)စုအား တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ
ကျပ်နှစ်သောင်းနှုန်းစီနှင့် ကျားလုံချည်၊မလုံချည်၊မျက်နှာသုတ်ပုဝါ၊
ကာဘော်လစ်ဆပ်ပြာ စသည့် အသုံးအဆောင်ပစ္စည်း(၄)မျိုးစီကိုလည်းကောင်း၊ အမိုး ပျက်စီးသွားသည့်
နားမွန်း ကျေးရွာရှိ ခတ္တိယတပ်ဦးကျောင်းအတွက်
ငွေကျပ်နှစ်သောင်းကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်း
ခဲ့ကြောင်း သိရသည်။
မြို့နယ်
ပြန်/ဆက်