တာချီလိတ် သြဂုတ်
၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန
နှင့် စက်ဘီးဆပ်ကော်မတီ တို့ ပူးပေါင်းစီစဉ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လောင်စာဆီ
ခြိုးခြံချွေတာရေး၊ လေထုညစ်ညမ်းမှု စုပေါင်းလျှော့ချရေး
နှင့် ယာဉ်ကြပ်တည်းမှု ပူးပေါင်းလျှော့ချရေး
ရည်ရွယ်ကာ လစဉ် လူထုစုပေါင်းစက်ဘီးစီးနင်း ပွဲကို ယနေ့ သြဂုတ် ၂၈ ရက်၊ နံနက်
၆ နာရီက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကုန်တိုက်ရှေ့
မှ ဖန်မင်ကျေးရွာ အုပ်စုရှိ မယ်ယန်းတိုးဂိတ်အထိ
တပျော်တပါး စုပေါင်းစက်ဘီးစီးနင်းပွဲကို စတင်ကျင်းပခဲ့ကြောင်းသိရသည်။
စုပေါင်းစက်ဘီးစီးနင်းပွဲ စတင်ဖွင့်လှစ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်မှ
အတွင်းရေးမှူး ဦးကျော်မင်းသန်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ
လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးမင်းထွဋ် ၊
တာချီလိတ်မြို့စက်ဘီးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယရဲမှူး ဟန်စိုး ၊ အားကစားအထောက် အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးတင်လှိုင် တို့က တက်ရောက်ဖွင့်လှစ်ပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာချီလိတ် MTB စက်ဘီးစီးအသင်းမှ
အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀)ခန့်တို့
ပါဝင်သည့် စီးဘီးစီးအဖွဲ့က တပျော်တပါး စုပေါင်း စီးနင်းခဲ့ကြသည်။
အဆိုပါ
လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်
လ၏ စတုတ္ထအပတ် တနင်္ဂနွေနေ့ တိုင်းကျင်းပ သွားမည်ဖြစ်ပြီး ရှမ်းရိုးမကုန်တိုက်ရှေ့မှ မယ်ယန်းတိုးဂိတ်အထိ
စီးနင်းကာ မြို့မအားကစား ကွင်း၌ ပြန်လည် ၀င်ရောက်မှာဖြစ်ကြောင်း သိရသည်။
ဝေယံလင်း