တာချီလိတ် သြဂုတ်
၂၈
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအား
ကြိုဆိုထောက်ခံပွဲကို တာချီလိတ်မြို့မဇ္ဈိမလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေ ဦးဆောင်၍ ဆန်ဆိုင်း (ခ)ရပ်ကွက် ရှိ ရှမ်းရိုးမကွင်းတွင် ယနေ့ သြဂုတ် ၂၈ ရက်၊ နံနက်
၇ နာရီက တရားဝင်ခွင့်ပြုချက်ဖြင့် ကျင်းပပြု
လုပ်ကြောင်းသိရသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲသို့ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊
ရွှေတာချီ ခရီးသွားလုပ်ငန်းမှ တက္ကစီမောင်းသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ နှင့် ဒေသခံပြည်သူများက “ ၂၁ ရာစု ပင်လုံအား
ကြိုဆိုပါသည် ” ၊ “ ၂၁ ရာစု
ပင်လုံအား ထောက်ခံပါသည်
” ၊ “ ၂၁ ရာစု
ပင်လုံ အောင်ရမည် ” ဟူသော လက်ကိုင် ပိုစတာများကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် နံနက် ၈ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း