တာချီလိတ် သြဂုတ်
၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်အစဉ်
(၇၄)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၄၄) သင်တန်းဖွင့်ပွဲ ကို ယနေ့ သြဂုတ်
၂၉ ရက်၊ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က နယ်စပ်ဒေသရှိ တိုင်းရင်းသူကလေးများကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ကိုယ်ပိုင်စီးပွားရေး
လုပ်ငန်း လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး
ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်း
မြင့်မားလာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းပြီး၊ အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးလေးများဖြစ်လာစေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများဖြစ်လာစေရန်၊
ရိုးရာ ယဉ်ကျေးမှု အိမ်တွင်းမှုအတတ်ပညာများ ပိုမိုထွန်းကားပြန့်ပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် ပေးခြင်း ဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် မိမိတို့ဘ၀ တိုးတက်မြင့်မားရေး နှင့် ဒေသအသီးသီး၏ အားကိုးရသည့် စွမ်းဆောင်ရှင် အမျိုးသမီးကောင်းများဖြစ်လာရေးအတွက် သင်တန်းတွင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း အဖွင့်အမှာ
စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်း အုပ်ဆရာမကြီး ဒေါ်နန်းစံဖူးလောဝ်နှင့် သင်တန်းဆရာမများ၊
လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊သင်တန်းသူများတက်
ရောက်သည်။
အဆိုပါ သင်တန်းများသို့ တာချီလိတ်၊ မိုင်းဖြတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များမှ
အခြေခံအိမ်တွင်းမှု သင်တန်းတွင် သင်တန်းသူ(၃၁)ဦး၊
အဆင့်မြင့်စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၁၆)ဦး
တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းအား ၂၉-၈-၂၀၁၆ ရက်နေ့မှ ၂-၁၂-၂၀၁၆ ရက်နေ့အထိ ရက်သတ္တပတ်(၁၄)ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း