တာလေ သြဂုတ်
၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊
တာလေမြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန
တို့ပူးပေါင်းကာ ဒေသခံတောင်သူများအား လယ်ယာမြေ မှတ်ပုံတင်ခြင်းလုပ်ငန်း အပေါ် လုပ်ပိုင်ခွင့်နှင့်
အခွင့်အရေးဆိုင်ရာ များ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ
တိုးတက်ရရှိ ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုး
တက်ရေး အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၉ ရက်၊ နံနက် ၉ နာရီက မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။ ဟောပြောပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ
ဦးစီးမှူး ဦးလှမိုးထွေး က ပုံစံ(၇) လယ်ယာမြေမှတ်ပုံတင်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်
အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး ဦးလွှမ်းမိုးသူ က မျိုးသန့်မျိုးကောင်းများ
ရွေးချယ်စိုက်ပျိုးခြင်း နှင့် မျိုးသန့် မျိုးပွား
စိုက်ပျိုးနည်း စနစ်များကိုလည်းကောင်း၊ တာချီလိတ်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ခံ ဒေါ်ဌေး က စပါးပင်များတွင် ကျ ရောက်သည့်
ပိုးမွှား၊ ရောဂါများ ခွဲခြားပုံ၊ အန္တရာယ်ရှိသော
ဆေးဝါးများအား စနစ်တကျကိုင်တွယ် အသုံးပြုပုံများကို လည်းကောင်း ရှင်းလင်းဟောပြောကာ ဦးစိုင်းမုန့်၏ လယ်မြေတွင် ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေအား တောင်သူများနှင့် အတူ လက်တွေ့ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့်အတူ ကျေးရွာများမှ တောင်သူ (၄၄)ဦး တက်ရောက်ကြောင်း သိရသည်။
ဝေယံလင်း