တာချီလိတ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာန
က ပြည်သူများ၏
အသက်အိုးအိမ်ပစ္စည်း များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများကို
မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ သဘာဝ ဘေးအန္တရာယ်အပါအ၀င် အခြားဘေး အန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၏ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် ( ၁ /၂၀၁၆)ဖွင့်ပွဲကို
စက်တင်ဘာ ၅ ရက်၊ နံနက် ၁၀ နာရီက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဝင်းဇော်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း
တို့က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်
သင်တန်းနည်းပြများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း
၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းး၊ သဘာဝ ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး တို့ကို စာတွေ့၊ လက်တွေ့ သရုပ်ပြ သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်
(၁၁) ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀ )ဦးတက်ရောက် မည်ဖြစ်ပြီး၊ သင်တန်းကို စက်တင်ဘာ ၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ဝေယံလင်း