တာချီလိတ် စက်တင်ဘာ
၉
၂၀၁၆ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့
ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)
တာချီလိတ်နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် Focus ၊ Balar Foundation
တို့ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး
အသိပညာပေး မြေစိုက်ပိုစတာ Bill Board စိုက်ထူပွဲကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)အနီးတွင် ယနေ့
စက်တင်ဘာ ၉ ရက် ၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး
မြေစိုက်ဘုတ် Bill Board အား ချစ်ကြည်ရေးတံတား
အမှတ်(၁) အနီးစိုက်ထူရာတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့
ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊
တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်ကိုထိုက် ၊BCATIP
ဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့
ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် လူစည်ကားရာနေရာများဖြစ်သည့် ဟောင်လိတ်လမ်းဆုံ၊ လေယာဉ်ကွင်း အနီး နှင့် မယ်ယန်း
ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ဆက်လက်စိုက်ထူခဲ့ကြောင်းသိရသည်။
ဝေယံလင်း