တာချီလိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က မိုင်းကိုးကျေးရွာအုပ်စုရှိ
ကျေးရွာ များတွင် စက်တင်ဘာလ ပထမအပတ် အတွင်း
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက် တောင်သူများ အား ပညာပေးဆွေးနွေးပွဲ နှင့် ကျရောက်တတ်သည့် ပိုးမွှားရောဂါများအား အသုံး ပြုရမည့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများ လက်တွေ့ ရှင်းလင်း ခြင်းကို စက်တင်ဘာ
၁၀ ရက်၊ နံနက် ၉ နာရီက အဆိုပါ
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် ၀န်ထမ်း များက မိုးရာသီအတွင်း
စပါးစိုက်ခင်းများအား ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါများ၊ ရေးကြီးနစ်မြုပ်ခဲ့ သည့် စပါးစိုက်ခင်းများတွင် ကျရောက်တတ်သည့်
ပိုးမွှားရောဂါများအား အသုံးပြုရမည့် ပိုးသတ်ဆေးနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများကို အသေးစိတ်ရှင်းလင်းပြသသည်။
အဆိုပါ ပညာဆွေးနွေးပွဲသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ၀မ်ကောင်းမွန်းကျေးရွာ၊ ယမ်းကျောက်ကျေးရွာ၊ ယမ်းခမ်း
(၂)ကျေးရွာ၊ ဆီလီငေါက်ကျေးရွာ၊ မယ်လိတ်ပါကော်ကျေးရွာများမှ ရေကြီးနစ်မြုပ် ခဲ့သည့်
မိုးစပါးစိုက်ခင်းများ၏ တောင်သူ (၄၈)ဦးကျော်
တက်ရောက်သည်။ ထို့နောက် တောင်သူ(၂၉)ဦး၏ ပိုးမွှား ရောဂါကျရောက်နေသည့် စပါး စိုက်ဧက(၇၀)ခန့်အား ကွင်းဆင်းကြည့်ရှုပြီး အသုံးပြုပက်ဖျန်းရမည့် ပိုးသတ်ဆေး၊ အချိုးအစား နှင့်
အကြိမ်တို့ကို စနစ်တကျ နှိမ်နင်းနိုင်ရန် ရှင်းလင်းပြသကာ
ချက်ချင်းပက်ဖျန်းရမည့် စိုက်ခင်းများ၏ တောင်သူများထံသို့
ဆေးထုပ်နမူနာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေယံလင်း