တာချီလိတ် စက်တင်ဘာ
၁၃
၂၀၁၆ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့
အခမ်းအနားကို တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ ဟုတ်တက်ခန်းမတွင် ယနေ့ စက်တင်ဘာ
၁၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ
ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့
ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း က
အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ၏ မြန်မာနိုင်ငံလူကုန်ကူးမှု
တိုက်ဖျက်ရေးနေ့ အခမ်းအနား မိန့်ခွန်း အား ခရိုင်လူကုန်ကူးမှု
တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ
က ဖတ်ကြားပြီး၊ ဝေါလ်ဗီရှင်း (မြန်မာ)တာချီလိတ် မှ စီမံချက်မန်နေဂျာ
ဒေါ်နန်းခမ်းခေါင် က လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် တေးသရုပ်ဖော်ပြိုင်ပွဲ၊ တစ်ခန်းရပ်ပြဇာတ်ပြိုင်ပွဲများတွင်
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်တင်ဆက်ကပြ ခဲ့ပြီး၊ အခြေခံပညာ အထက်တန်း အဆင့်
ပိုစတာပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ကာတွန်း ပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။
ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားကျောင်းသူများ၊
တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ ၊ နိုင်ငံရေးပါတီများ
နှင့် လူမှုရေးအသင်းအဖွဲ့များက ပြသထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ၊ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုများ နှင့် ဆုရ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝေယံလင်း