တာချီလိတ် စက်တင်ဘာ
၂၄
မြန်မာနိုင်ငံလူငယ်မူဝါဒတွင် လူငယ်များကိုယ်တိုင်ပါဝင်နိုင်ရေးအတွက် လူငယ်ကိုယ်စားလှယ်များရွေးချယ်
နိုင်ရန်နှင့် လူငယ်များ၏ အသံများ ပါဝင်စေရန်အတွက် လူငယ်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှု
များ၊ လူငယ်ဖိုရမ်များကို လူငယ်များက တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)လူငယ်တွေ့ဆုံဆွေးနွေးပွဲ
(Youth Forum) ကို စက်တင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီက တာချီလိတ်မြို့ ၊ အောင်မြတ် ခန်းမ၌ စတင်ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် က အဖက်ဖက်မှ
ကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် တာချီလိတ်လူငယ်ကွန်ရက် အဖွဲ့မှ တာဝန်ခံ ဒေါ်မေဇာခြည်လင်း က လူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ အခမ်းအနားဖြစ်မြောက်ရေး ကဏ္ဍအလိုက်အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
အဆိုပါ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်ခရိုင်မှ လူငယ်(၁၂၀)ဦး၊ ကျိုင်းတုံခရိုင်မှ
လူငယ်(၄၀)ဦး နှင့် မိုင်းဆတ်ခရိုင်မှ လူငယ်(၄၀)ဦး စုစုပေါင်းလူငယ်(၂၀၀)ဦးတို့က လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊
လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်
စသည့် အကြောင်းအရာများကို စက်တင်ဘာ ၂၄ရက်နေ့မှ၂၅ရက်နေ့
အထိ ကောင်းမွန်းသော အကြံပြုချက်များရရှိရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း