တာချီလိတ် စက်တင်ဘာ
၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ အစည်းအဝေး ခန်းမ၌ စက်တင်ဘာ ၂၆ ရက်၊ ညနေ ပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အချိန်မီပြီးစီးရေး
အတွက် အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက်
ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စည်ပင်သာယာရေးကော်မတီဝင်များ ၊ ရပ်ကွက်/ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများ နှင့် နိုင်ငံရေးပါတီများက လုပ်ငန်းများအလိုက် စနစ်တကျ ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ တာချီလိတ်၊
တာလေနှင့် ကျိုင်းလပ်မြို့များရှိ ရပ်ကွက်/ကျေးရွာများတွင်
ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်း
လုပ်ငန်း(၅)ခု၊ ကွန်ကရစ်လမ်း၊ တံတားလုပ်ငန်း(၁၃)ခု နှင့် ပြည်သူလူထုလိုအပ်သည့်
အခြားလုပ်ငန်း(၂)ခုတို့အား ဆောင်ရွက်ရန် ရန်ပုံငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း