တာချီလိတ် အောက်တိုဘာ
၂
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အဘိုးများအနက်မှ အသက်အကြီးဆုံးဖြစ်သည့်တာချီလိတ်မြို့၊ဆန်ဆိုင်း(က)
ရပ်ကွက်၊ အမှတ်(၅/၅၂) နေ အသက်(၁၁၉)နှစ်ရှိ အဘိုး ဦးအိုက်ခမ်း
အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
က ဂုဏ်ပြုချီးမြှင့် ထောက်ပံ့သည့် ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေး ခြင်းကို ယနေ့ အောက်တိုဘာ
၂ ရက်၊ မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန
မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်
နှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာန မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး
နှင့် လူမှုရေးအသင်းအဖွဲ့က သွားရောက်ထောက်ပံ့ပေးခြင်း ဖြစ် သည်။
အဆိုပါ
အဘိုး ဦးအိုက်ခမ်း သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက
ဂုဏ်ပြု ချီးမြှင့်ထောက်ပံ့ငွေအား နှစ်နှစ်ဆက်တိုက်ရရှိခြင်းဖြစ်ပြီး၊ ယခုအခါ သားသမီး
မြေးမြစ်များနှင့်အတူ ကျန်းမာ စွာနေထိုင်လျက်ရှိကြောင်းသိရသည်။
ဝေယံလင်း