တာချီလိတ် အောက်တိုဘာ
၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
က ကျောင်းသား လူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး ဉာဏ်ရည်ထက်မြက်မြင့်မားကာ ဗဟုသုတများ တိုးတက် ရရှိစေရေး အတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ နှင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ
၃ ရက်၊ နံနက် ၉နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး
က ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးခြင်းနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။ ထို့နောက် တာချီလိတ်အခြေခံပညာအထက်တန်းကျောင်း၊ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၊
ပုန်းထွန်အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ရွှေမဟာကိုယ်ပိုင်
အထက်တန်းကျောင်း နှင့် တာလော့အခြေခံပညာအလယ်တန်းကျောင်းခွဲ တို့မှ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ၊ ပန်းချီးပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ(၂၄)ဦး ပါဝင်ယှဉ်ပြိုင်သည်။
ဆက်လက်၍ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား
မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးထိန်မင်း ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မှ ဦးစီးအရာရှိ ဒေါ်ခင်မေလွင် ၊ ခရိုင်ဦးစီးအရာရှိ
ဦးလှဌေး နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး၊ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ ၊ ကျောင်းသားမိဘများနှင့်
လူမှုရေးအသင်းအဖွဲ့များက ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝေယံလင်း