မိုင်းယောင်း      စက်တင်ဘာ    
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌  မူးခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဟောင်ကြန့်ကျေးရွာအုပ်စု၊ ၀မ်ဟွန်း ကျေးရွာဘုန်းကြီးကျောင်းတွင်    ယနေ့ စက်တင်ဘာလ ၉ ရက် ၊ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ကြောင်းသိရသည်။
          ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင် က အဖွင့်အမှာစကားပြောကြားပြီး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင် က  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ လူသားမျိုးနွယ်စုအားလုံး၏ ရန်သူဖြစ်သော မူးယစ်ဆေးဝါးကို လူငယ်လူရွယ်များ ရှောင်ရှားကြရန်နှင့် မူးယစ် ဆေးဝါး ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်  က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ၊  မြို့နယ်ပညာရေးမှူး  ဦးသိန်းလွင် က  ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါးအန္တရယ်အကြောင်းအရာများကိုလည်းကောင်း  အသီးသီးဟောပြောခဲ့သည်။
          အဆိုပါ အသိပညာပေးဟောပြောပွဲသို့  ကျေးရွာနေပြည်သူ(၈၀)ဦးကျော် တက်ရောက်ကြောင်း သိရသည်။
အားချာ




 
Top