တာချီလိတ်   စက်တင်ဘာ 
          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား)ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ နှင့်  ဆုချီးမြှင့်ပွဲကို  စက်တင်ဘာ ၈ ရက်၊ ညနေ ၃ နာရီခွဲ   က မြို့မအားကစားကွင်း ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
          နောက်ဆုံးဗိုလ်လုပွဲအဖြစ်   ရန်အောင်မြေရပ်ကွက် ဘောလုံးအသင်း နှင့် တာလေမြို့ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားရာ   ရန်အောင်မြေရပ်ကွက်ဘောလုံးအသင်းက  တာလေဘောလုံးအသင်းအား  သုံးဂိုး ၊   ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
          ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ   ဒိုင်ဆပ်ကော်မတီများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုများကို  ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ      လက်ထောက်ညွှန်ကြားရေးမှူး   ဦးအေးမင်းထွဋ် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်သည်။ ထို့နောက်   ဒုတိယဆုရ တာလေမြို့ ဘောလုံးအသင်းအား   တစ်ဦးချင်းဆု နှင့် ငွေသားဆုအဖြစ်    ငွေကျပ် ခုနှစ်သိန်း ကို လည်းကောင်း၊     ပထမဆုရ ရန်အောင်မြေရပ်ကွက်ဘောလုံးအသင်းအား တစ်ဦးချင်းဆု ၊ ငွေးသားဆုအဖြစ် ငွေကျပ်ဆယ်သိန်းနှင့်ဆုဖလားကိုလည်းကောင်း  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်  နှင့် တာဝန်ရှိသူများက ဆုများ  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
                                                                                      ဝေယံလင်း














 
Top