တာချီလိတ် စက်တင်ဘာ
၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ငြိမ်းချမ်းရေး၊ပြန်လည်သင့်မြတ်ရေး၊ဖွံ့ဖြိုးရေးစီမံချက်အဖွဲ့က
ကြီးမှူး၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း နှင့် အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်၊ နံနက် ၉ နာရီက
ရွှေမဟာကိုယ်ပိုင်အထက်တန်း ကျောင်း ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း အဆင့်အား “ ဒီမိုကရေစီနိုင်ငံသားတို့၏ အမျိုးသားရေးတာဝန်
” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင်
“ နိုင်ငံတကာ
ငြိမ်းချမ်းရေးနေ့မှသည် ငြိမ်းချမ်းရေးယဉ်ကျေးမှုသို့ ” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်စေရာ မြို့ပေါ်ရှိ
အခြေခံပညာအထက် တန်းကျောင်းသုံးကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၉၂)ဦး
ပါဝင်ယှဉ်ပြိုင်သည်။
အဆိုပါ ပြိုင်ပွဲများအား ကျောင်းသားကျောင်းသူများ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများ ၊ ဒီမိုကရေစီစနစ် နှင့် နိုင်ငံသားများ၏ တာဝန်များ
စသည့်အကြောင်းအရာများ သိရှိနားလည် နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ ဆုရကျောင်းသား၊ ကျောင်းသူများအား ပထမဆု ငွေကျပ်
တစ်သိန်းခွဲ၊ ဒုတိယ ဆုအား ငွေကျပ် တစ်သိန်း၊ တတိယဆုအား ငွေကျပ်ငါးသောင်း နှင့် အထူးဆု
နှစ်ဆုအားငွေကျပ်နှစ်သောင်းခွဲစီဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံလင်း