တာချီလိတ် စက်တင်ဘာ
၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ စက်တင်ဘာ
၂၃ ရက်၊ မွန်းလွဲပိုင်း က တာချီလိတ်မြို့သို့
ရောက်ရှိပြီး၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ထောက်ပံ့ငွေများပေးအပ်ပွဲအား တက်ရောက်၍
အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ၀န်ကြီးဌာနအနေဖြင့် ထိရောက်ကျယ်ပြန့်စွာ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေဖို့ မသန်စွမ်းသူများကို ပံ့ပိုးကူညီခြင်းဖြင့်
လူ့အသိုင်းအ၀ိုင်းအတွင်း ပါဝင်အကျိုးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း
ပြောကြားသည်။ ထို့နောက် မယ်ဆိုင်မယ်ဟောက် ချောင်းမှ BRP- 14 နှင့် BRP-15 အကြား အလျား ၆၅၀ပေရှိ မြေထိန်းနံရံ တည်ဆောက်နိုင်ရေး ငွေကျပ် ၂၇၇၈၃၀၀၀၀၊
တာချီလိတ်ခရိုင်အတွင်းရှိ မသန်စွမ်းသူ ၁၃၂
ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့်
ငွေကျပ် ၃၉၆၀၀၀၀ ကို အခမ်းအနားတက်ရောက်လာသည့်
မသန်စွမ်းသူများ လက်ဝယ်အရောက်ပေးအပ်ခြင်း နှင့်
ရှမ်း၊ ဗမာ၊ လားဟူ၊ ရခိုင်၊ အာခါ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ငါးဖွဲ့အတွက်
တစ်ဖွဲ့လျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် ငွေကျပ် ၁၅ သိန်း စုစုပေါင်းငွေကျပ် ၂၈၃,၂၉၀,၀၀၀
ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။
၎င်းနောက် တာချီလိတ်ခရိုင် ပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးကြည်မြင့် က ကျေးဇူးတင်စကား ပြောကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ရွှေတြိဂံဒေသနှင့်
မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မယ်ဟောက်ချောင်း
မြေထိန်းနံရံတည်ဆောက်မည့် နေရာသို့ ကွင်းဆင်းကြည့်ရှုရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။
ခိုင်လင်း